Aunglan Rule(Myanmar)

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ပြိုင်ပွဲ

အောင်လံလုပွဲစည်းမျဉ်းစည်းကမ်းများ

 

အခန်း(၁)

ကျင်းပမည့် ပြိုင်ပွဲအမျိုးအစား

အောင်လံလုပွဲ

အခန်း(၂)

စည်းမျဉ်းစည်းကမ်းများ

  • ဒိုင်လူကြီး (၂)ဦး အသုံးပြုရမည်။
  • ယှဉ်ပြိုင်မည့်လက်ဝှေ့သမား (၈)ဦး (သို့) (၄)ဦး
  • နာမည်ရှိလက်ဝှေ့သမား (၁)ဦး (၂)ဦးကို တိုင်ထားပြီး ကျန်သော ထိုးရဲသောအဆင့်ညီလက်ဝှေ့သမားများကို ဖိတ်ခေါ်ပါသည်။
  • (၈)ဦးကို ကြိုးဝိုင်းအတွင်း မဲနှိုက်ရာတွင် (၁) နှင့် (၁)၊ (၂) နှင့် (၂)၊ (၃) နှင့် (၃)၊ (၄) နှင့် (၄) ပုံစံတွဲရမည်။ (၁ ၊ ၂ ၊ ၃ ၊ ၄ ကို (၂) လိပ်စီ ထည့်နှိုက်ခြင်း )
  • (၄)ဦးကျန်လျှင်လည်း ကျန် (၄)ဦးကို ယခုပုံစံအတိုင်း (၁) နှင့် (၁) ၊ (၂) နှင့် (၂) မဲနှိုက် ပွဲတွဲပါသည်။
  • နောက်ဆုံး ကျန်(၂)ဦး၊ အောင်လံဆုအတွက် ဖိုင်နယ်ယှဉ်ပြိုင်ရပါမည်။

 

 

 

အခန်း(၃)

အနိုင်အရှုံး အဆုံးအဖြတ်

 

  • (၃) မိနစ် (၃) ချီပြီး၍ အနိုင် / အရှုံးမပေါ်လျှင် ရေကုန်ရေခမ်း ဆက်လက်ထိုးသတ်ရမည်။

 

  • ကွဲရှုံး (သွေးထွက်လျှင် အရှုံးပေးရမည်)   (လက်သီး၊ဒူး ၊ တတောင် စသည်တို့ဖြင့် ထိုးကန်တိုက်ပြီး ကွဲခြင်းတို့ကို ဆိုလိုသည်)

 

  • ကြောက်ရှုံး (ထိုးနေရင်း ပြန်မထိုးနိုင်တော့ဘဲ လက်ဝှေ့သမား ကိုယ်တိုင်က အရှုံးပေးခြင်း) (ထိုး ၊ ကန်၊ တိုက်တတို့ဖြင့် နှာခေါင်းသွေးထွက်ပါက ပုဝါမရှုဘဲ လက်ဖြင့် ၃- ကြိမ် ၃-ခါ သုတ်သိမ်းနိုင်သည် ၊ ၃- ကြိမ်သုတ်သိမ်းပြီး သွေးမတိတ်ပါက အရှုံးဟုသတ်မှတ်သည်)

 

  • သက်လုံရှုံး (မောပန်းပြီး ဆက်လက်မထိုးနိုင်၍ အရှုံးပေးခြင်း)

ထိုးသတ်နေစဉ် တစ်ယောက်ကလဲကျလျှင် ကျန်တစ်ဦးကို ကြိုးဝိုင်းဒိုင်မှဦးဆောင်ပြီး၊ ကြိုးဝိုင်းကို လှည့်ပတ်ရပါမည်။ တစ်ပတ်ပြည့်လျှင် လက်ခမောင်းခတ်ပြီး စိန်ခေါ်ရပါသည်။ ထိုသို့ (၃) ပတ်ပြီးသည်အထိ လဲကျသူမှ ပြန်မထနိုင်လျှင် အနိုင်သတ်မှတ်မည်။ (၃) ပတ်အတွင်း နြတ်ထနိုင်ပါက ဆက်လက်ထိုးသတ်ရမည်။

 

  • (၃) မိနစ် (၃)ချီပြည့်ပြီးပါက ရေကုန်ရေခမ်းဆက်လက်ယှဉ်ပြိုင်ရာတွင် ပုဝါမကူရေမရှုဆိုသည့်အတိုင်း ဘေးအကူလူမှ ရေတိုက်ခြင်း ၊ အမောပြေရန် ကူညီပေးခြင်းများမပြုလုပ်ရပါ။

 

  • ထိုးသတ်ချိန်(၁၅) မိနစ်ပြည့်လျှင်၊ ခဏ (၂)မိနစ်နားပြီး၊ ယှဉ်ပြိုင်သူနှစ်ဦးမှ ကျေနပ်မှသာ ရေသောက်ခြင်း၊ အမောဖြေခြင်းပြုနိုင်ပြီး နောက်ထပ် (၁၅)မိနစ် ထပ်မံထိုးသတ်ရပါမည်။

 

  • ဒုတိယအကြိမ် (၁၅) မိနစ်ထိုးပြီး ထိုးသတ်ချိန် မိနစ် (၃၀)ပြည့်သည်အထိ အနိုင်/အရှုံး မပေါ်ပါက မဲနှိုက်၍ (ငွေအကြွေစေ့ဖြင့် မျောက် /ပန်းလှန်၍ ) အနိုင်/အရှုံးကို ဆုံးဖြတ်ရပါသည်။

 

  • နောက်ဆုံး အောင်လံဆုရရှိသူသည် အောင်လံ၏၀ါးကိုင်းကို ဒူးဖြင့်ချိုးကာ အောင်လံကိုခါးထိုး၍ လက်ဝှေ့ရေးပြသ၍ အောင်ပွဲခံကြပါသည်။

 

  • အောင်လံဝါးကို အောင်လံတစ်ကြိမ်ရပြီးပါက တစ်ချက်ချိုး၊ နှစ်ကြိမ်အောင်လံရပြီးပါက နှစ်ချက်ချိုးစသည်ဖြင့် ၀ါးကိုချိုးနိုင်သည်။

 

” အောင်လံချိုး၍ ခါးထိုးပြန်မယ် ” ဆိုသော လက်ဝှေ့သမားများ၏ အောင်လံဆုကိုရအောင် ယူမည်ဟူသော ကြိမ်းဝါးသံများရှိခဲ့ပါသည်။

 

အခန်း(၄)

တားမြစ်ဆေးသုံးစွဲခြင်းဆိုင်ရာဥပဒေ

 

၁။       အားကစားသမားတစ်ဦးသည် ပြိုင်ဘက်ထက်စွမ်းရည်သာစေရန် ခံနိုင်ရည်ပိုကောင်းစေရန် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကိုသုံးစွဲခြင်း ခွင့်မပြုပါ။

 

၂။       အကယ်၍ ထိုကဲ့သို့ကျူးလွန်ကြောင်း ပြိုင်ပွဲပြီးဆုံးမှ စစ်ဆေးတွေ့ရှိသည့်တိုင် အရေးယူခြင်းကို ဆက်လက်ခံရမည်။

 

၃။       တားမြစ်ဆေးနှင့်ပတ်သက်၍ ကျွမ်းကျင်သူဆရာဝန်အဖွဲ့ကစစ်ဆေးမှုသာ အတည်ဖြစ်သည်။

 

၎။       မိမိအသင်းမှ ကစားသမား၏ အားနည်းချက်ကိုဖုံးကွယ်၍ နစ်နာသူကစားသမားအဖွဲ့မှတိုင်ကြားလျှင် အဖွဲ့ချုပ်မှကြားနာစစ်ဆေးအရေးယူပိုင်ခွင့်ရှိသည်။

 

၅။       မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်သည် ညွှန်ကြားချက်များကို လိုအပ်သလို ထုတ်ပြန် နိုင်သည်။

© 2019~2020. All Right Reserved by Myanmar Traditional Boxing Federation (Lethwei)