မြန်မာ့ရိုးရာလက်ဝှေ့ပြန်နှံ့ရေးအသင်း(ဧရာဝတီ)မှ လက်ဝှေ့လောကသားများ၏ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆုများ ချီးမြှင့်

မြန်မာ့ရိုးရာလက်ဝှေ့ပြန်နှံ့ရေးအသင်း(ဧရာဝတီ)မှ လက်ဝှေ့လောကသားများ၏ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆုများ ချီးမြှင့်

သြဂုတ်လ ၁၄၊ ၂၀၁၉။

မြန်မာ့ရိုးရာလက်ဝှေ့ပြန်နှံ့ရေးအသင်း(ဧရာဝတီ) က ရိုးရာလက်ဝှေ့လောကသားများထဲမှ ၂၀၁၈ ခုနှစ်အတွင်း ထူးခြားစွမ်းဆောင်သူများကို ဆုများချီးမြင့်ခြင်း ဖြစ်ပါတယ်။ ယခုအခါ ဒုတိယအကြိမ်မြှောက်အဖြစ် ဆုပေးခြင်း ဖြစ်ပါတယ်။ အသင်း တည်ထောင်ခဲ့သည် မနှစ်က တွင်လည်း ယခုကဲ့သို့ ဆုများပေးခဲ့ကြပါတယ်။ ယခုနှစ်တွင် ယင်းအသင်းနှစ်ပတ် တစ်နှစ်ပြည့် မွေးနေ့နဲ့အတူ ဆုပေးပွဲကို ယနေ့ သြဂုတ်လ ၁၄ ရက်နေ့ မနက် ၉ နာရီတွင် သိမ်ဖြူလက်ဝှေ့ရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဆုရရှိသူများကတော့ –
(၁) ၂၀၁၈ ခုနှစ် အလဲထိုးဆု – စိုးလင်းဦး
(၂) ၂၀၁၈ ခုနှစ် အတိုးတက်ဆုံးလက်ဝှေ့သမားဆု – စောထူးအောင်
(၃) ၂၀၁၈ ခုနှစ် အတိုးတက်ဆုံးကလပ်ဆု – ရွှေဘားလား ဘားအံ (ယခု အဲ့ကညော အမည်ပြောင်းထား)
(၄) ၂၀၁၈ ခုနှစ် အအောင်မြင်ဆုံးလက်ဝှေ့သမားဆု – ရဲသွေးနီ တို့ ဖြစ်ပါတယ်။

(၁) ၂၀၁၈ ခုနှစ် အလဲထိုးဆု – စိုးလင်းဦး

အလဲထိုးပွဲအများဆုံး လက်ဝှေ့သမားဆုကို စိုးလင်းဦး(ဒို့ရိုးရာ)ရရှိခဲ့ပါတယ်။ စိုးလင်းဦးဟာ ၂၀၁၈ ခုနှစ်အတွင်း ပွဲပေါင်း(၁၁)ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး အလဲထိုးနိုင်ပွဲ (၇)ပွဲနှင့် သရေ (၄)ပွဲရရှိခဲ့ပါတယ်။ စိုးလင်းဦးနဲ့ နိုင်ပွဲ(၇)ပွဲ တူညီတဲ့ ကစားသမား ရဲသွေးနီကတော့ အမှတ်နှင့် တစ်ပွဲပါဝင်သွားတာကြောင့် စိုးလင်းဦး ကရရှိခြင်းဖြစ်ပါတယ်။

(၂) ၂၀၁၈ ခုနှစ် အတိုးတက်ဆုံးလက်ဝှေ့သမားဆု – စောထူးအောင်

အတိုးတက်ဆုံးလက်ဝှေ့သမားဆုကိုတော့ စောထူးအောင်(တောင်ဝင်ရိုးရာ/ယခု ဒို့ရိုးရာ)က ရရှိခဲ့ပါတယ်။
စောထူးအောင် ဟာ၂၀၁၈ခုနှစ်အတွင်း (၄)ပွဲနိုင်(၄)ပွဲသရေဖြင့် ပွဲအနည်းငယ် သာယှဉ်ပြိုင်ရသော်လည်း သူနဲ့ဘက်တူ သူ့ထက်ဝါရင်တဲ့ကစားသမားများကို အလဲထိုးအနိုင်ယူခဲ့သလို WLC လိုက်ဝယ်တာဝိတ်ချန်ပီယံ ခါးပတ်ကို ရယူထားတာကြောင့် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

မှတ်ချက်။ ။ဒီဆုကို ရွေးချယ်ရာမှာ စောထူးအောင် လိုပဲရွေးချယ်မှူစရင်းထဲမှာ သွေးသစ်မောင်လည်း ပါနေပါသေးတယ်။ သို့သော် ဒီမောင် သွေးသစ်မောင်ဟာ သူရဲ့၂၀၁၈တွင်း ပွဲစဉ်တွေမှာရှံးပွဲတပွဲပါဝင်နေတာကြောင့် ရှုံးပွဲမရှိတဲ့ စောထူးအောင်ကို အကဲသာရွေးချယ်လိုက်ရချင်းဖြစ်ပါတယ်။ (အသေးစိတ်အားဖြင့်၂၀၁၈ထဲမှာပဲ သွေးသစ်မောင်ရှုံးခဲ့တဲ့ လက်သီးမိုး ကို စောထူးအောင်ကအနိုင်ယူထားပါတယ်)

(၃) ၂၀၁၈ ခုနှစ် အတိုးတက်ဆုံးကလပ်ဆု – ရွှေဘားလား ဘားအံ (ယခု အဲ့ကညော အမည်ပြောင်းထား)

အတိုးတက်ဆုံးကလပ်ဆုကိုတော့ ရွှေဘားလား(ဘားအံ)(ယခုအဲ့ကညော)ကလပ်က ရရှိခဲ့ပါတယ်။
ရွှေဘားလား(ဘားအံ)ကလပ်ဟာ စတင်ဖွဲ့စည်းပြီး တစ်နှစ်အတွင်းမှာ ၄၈ ကီလို နှင့် ၅၁ ကီလို ရွှေခါးပတ်ချန်ပီယံ၂ဦးကို မွေးထုတ်ပေးနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

(၄) ၂၀၁၈ ခုနှစ် အအောင်မြင်ဆုံးလက်ဝှေ့သမားဆု – ရဲသွေးနီ

အအောင်မြင်ဆုံးလက်ဝှေ့သမားဆုကိုတော့ ရဲသွေးနီ(တောင်ကလေး)က ရရှိခဲ့ပါတယ်။ ရဲသွေးနီဟာ ၂၀၁၈အတွင်း 50th Media Championship ပြိုင်ပွဲမှာ (57-61)kgချန်ပီယံခါးပတ်နှင့် MLWC (57)Kg ချန်ပီယံခါးပတ်ကို ၃ကြိမ်မြောက်ရယူကာ ခါးပတ်၂ခုကို တလအတွင်းရယူနိုင်ခဲ့တာကြောင့် ရဲသွေးနီ ဒီဆုကိုရရှိခြင်းဖြစ်ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ပြန်နှံ့ရေးအသင်း(ဧရာဝတီ) အနေဖြင့် ဆုရွေးချယ်ရာမှာ မည်သည့်ကစားသမား/မည်သည့်ဒေသခံကိုမှ မျက်နှာသာပေးရွေးချယ်ခြင်းမဟုတ်ပဲ ကစားသမားများ၏ ကြိုးစားမှူ စွမ်းဆောင်ရည်များကိုသာ အလေးထားရွေးချယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Credit-#MLC
#MyanmarLethweiCollection

 

 

 


မြန်မာ့ရိုးရာလက်ဝှေ့ပြန့်နှံ့ရေးအသင်း-ဧရာဝတီ ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်

မြန်မာ့ရိုးရာလက်ဝှေ့ပြန့်နှံ့ရေးအသင်း-ဧရာဝတီ ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် 2018 ခုနှစ်အတွင်း ထူးချွန်အောင်မြင်ကြသော ရိုးရာလက်ဝှေ့မောင်များကို 14.8.2019 ယနေ့နံနက်ပိုင်း သိမ်ဖြူလက်ဝှေ့အားကစားရုံတွင်ဂုဏ်ပြုဆုပေးပွဲကျင်းပသည်။

၂၀၁၈ ခုနှစ်အတွင်းအလဲထိုးပွဲအများဆုံးလက်ဝှေ့မောင်= စိုးလင်းဦး(ဒို့ရိုးရာ)

၂၀၁၈ခုနှစ်အတွင်းအတိုးတက်ဆုံးလက်ဝှေ့မောင်=စောထူးအောင်(တောင်ဝင်ရိုးရာ)

၂၀၁၈ ခုနှစ်အတွင်း အတိုးတက်ဆုံးလက်ဝှေ့ကလပ်=ရွှေဘားလား(ဘားအံ)(ယခု အဲ့ကညောအမည်)

၂၀၁၈
ခုနှစ်အတွင်းအအောင်မြင်ဆုံးလက်ဝှေ့မောင်=ရဲသွေးနီ(တောင်ကလေး)တို့ကို တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ကြသည်။

Credit # Mike Kilo

 

 

 

 

 

 

 

 


“Myanmar Lethwei World Championship 4”

“Myanmar Lethwei World Championship 4”

Date – 18.Aug.2019
Venue – Thein Phyu Lethwei Stadium

 


© 2019~2020. All Right Reserved by Myanmar Traditional Boxing Federation (Lethwei)