Round 6 –
ထွန်းထွန်းမင်း (မြန်မာ) Vs မီးခေးလ်ဗက်ထရီလာ(ရုရှား)
ထွန်းထွန်းမင်း (မြန်မာ) နှင့် မီးခေးလ်ဗက်ထရီလာ(ရုရှား)တို့ ယှဉ်ပြိုင်ထိုးသတ်ကျရာ ၂ ချီ မြောက်တွင် မီးခေးလ်ဗက်ထရီလာ(ရုရှား) မှအနားတောင်းခဲ့ပြီး ၃ ချီမြောက်တွင်လည်းအမှတ်စဉ်ရေတွက်ခံခဲ့ရသည်။ မီးခေးလ်ဗက်ထရီလာ(ရုရှား) မှာ အမှတ်စဉ် ၄ ကြိမ်ရေတွက်ခံရပြီးနောက် ၅ ချီမြောက်တွင် ထွန်းထွန်းမင်း အနိုင်ရရှိခဲ့သည်။
#photo_credit
Round 5-
တူးတူး ( မြန်မာ) နှင့် ဖာဘီရို (ဘရာဇီးလ်)
တူးတူး ( မြန်မာ) Vs ဖာဘီရို (ဘရာဇီးလ်) တို့ ယှဉ်ပြိုင်ထိုးသတ်ကျရာ ဖာဘီရို (ဘရာဇီးလ်)မှာအမှတ်စဉ်တစ်ကြိမ်ရေတွက်ခံရပြီးနောက် တူးတူး ရဲ့ တိုက်စစ်လက်သီးတွေကြောင့် ၄ ချီ မြောက်တွင် အနားတောင်းခဲ့ရပြီး ပြန်လည်ဆက်လက်ယှဉ်ပြိုင်ရာတွင် တူးတူးမှာ သတ်ကွက်စုံလင်စွာဖြင့် တရစပ်ထိုးသတ်သော်လည်း ၅ ချီ – ပူးတွဲသရေနှင့်သာ ပွဲပြီးဆုံးခဲ့ပါတယ်။
#photo_credit
Round 4 –
ဗျဂ္ဃ ( ကျားဖြူ) Vs ဟီဂါရှီ (ဂျပန်)
ဗျဂ္ဃ ( ကျားဖြူ) နှင့် ဟီဂါရှီ (ဂျပန်) တို့ သတ်ကွက်စုံလင်စွာဖြင့် မကျေပွဲကိုယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပရိတ်သတ်အကြိုက်ဆုံးပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပါတယ်။
၎ ချီမြောက်တွင် ဟီဂါရှီ (ဂျပန်)မှာ ဗျဂ္ဃ ရဲ့ တံတောင်ရိုက်ချက်ဖြင့် ခေါင်းကွဲဒဏ်ရာရခဲ့သော်လည်း ဆရာဝန် ခွင့်ပြုချက် ရရှိခဲ့သဖြင့် ဆက်လက်ထိုးသတ်ရာ ပြိုင်ပွဲမှာပြင်းထန်သော်လည်း ၅ ချီ- ပူးတွဲသရေဖြင့်သာကျေနပ်ခဲ့ရပါတယ်။
#photo-credit