About Myanmar Tradition Boxing

Lorem ipsum dolor sit amet, eum quodsi verear quaeque an, quem epicuri te sed. Soluta facilis reprimique id eum. Te deserunt senserit nec. Vim munere graeco at, vix corpora phaedrum no.

Sit ex oblique phaedrum abhorreant, fabellas vituperata ius ea. Id eum perpetua facilisis consetetur, mel in iusto maluisset. Munere detracto copiosae sed id. Vide gloriatur ne vis, falli facete expetendis sit te. Verear option epicurei ius ei, sonet deserunt intellegat mei eu.

Ut assum omnes offendit sed, te animal tamquam reprehendunt eam. Te has solet explicari, te pro tation delenit accusam. Possit propriae ad sed, vix no nisl pertinax signiferumque, ne mea vidit rebum eruditi. Quo an vulputate conceptam instructior, delicata adipiscing duo id.

Ex alii viderer signiferumque mel. Possim facilis appellantur qui ne, augue eirmod electram in pri. Ludus oportere voluptatibus eu mea. Eu tamquam efficiantur mel, cu cum ullum choro, ut elit melius nam. Velit apeirian ex eos. Est id ipsum lobortis mediocrem, eum feugiat delenit prodesset in.

Audire deleniti mea at. Eum dolorum iudicabit et. Usu no munere noster convenire. Te cum aperiam torquatos constituam, pri ridens adipiscing an. Zril facilisi te per, vix omnesque deserunt eu, ex cum oblique epicurei. Alterum periculis repudiare vim ad.

Rule & Regulation For Myanmar Traditional Boxing

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏တာဝန်ဝတ္တရားနှင့်လုပ်ပိုင်ခွင့်များ

၁။ မြန်မာ့ရိုးရာလက်ဝှေ့အားကစား စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့ရေးနှင့် နိုင်ငံတကာအဆင့်သို့ တက်လှမ်းဝင်ရောက်နိုင်ရေးအတွက် တာဝန်အရှိဆုံးသော အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံယူထားရမည် -

၂။ အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့၏ လမ်းညွှန်ကြီးကြပ်မှုကို အစဉ်အမြဲခံယူ လိုက်နာဆောင်ရွက်ရမည် -

၃။ အဖွဲ့ချုပ်၏လုပ်ကိုင်ဆောင်ရွက်မှုများအတွက် အားကစားဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံ အိုလံပစ် ကော်မတီကို တာဝန်ခံပြီး ထူးခြားသောလုပ်ဆောင်ချက်များကို အချိန်နှင့်တပြေးညီ ပြန်လည်တင်ပြရမည် -

၎။ မြန်မာ့ရိုးရာလက်ဝှေ့အားကစားစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများကို အားကစားဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သို့ တင်ပြတောင်းခံရမည် -

၅။ အားကစားဝန်ကြီးဌာနက ချမှတ်ထားသော မူဝါဒစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ့ရိုးရာလက်ဝှေ့ကလပ်(အသင်း)များ၊ ပွဲသွင်းသူ (Promoter) များ၊ အသင်းအုပ်ချုပ်သူ/ နည်းပြ/ အားကစားသမားများနှင့် ဒိုင်အဖွဲ့များကို အနီးကပ်ကြီးကြပ် လမ်းညွှန်ခြင်းနှင့် ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ရမည် -

၆။ အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများကို လုံခြုံရေးနှင့်ပြိုင်ပွဲ စနစ်တကျယှဉ်ပြိုင်နိုင်ရေးတို့အတွက် အနီးကပ်တာဝန်ယူဆောင်ရွက်ရမည် -

၇။ အဖွဲ့ချုပ်၏ခွင့်ပြုချက်ဖြင့် ကျင်းပသော ဒေသအလိုက်ပြိုင်ပွဲများ စနစ်တကျရရှိစေရေးကို လမ်းညွှန် ကြီးကြပ်ရမည် -

၈။ မြန်မာ့ရိုးရာလက်ဝှေ့အားကစားနည်း၏ နည်းစနစ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများကို “အရိုးကိုအရွက်မဖုံး” စေဘဲ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရင်း နိုင်ငံတကာအားကစားနည်း ဥပဒေများနှင့်အညီ လက်ခံလိုက်နာနိုင်သည့် အားကစားဆန်သော နည်းစနစ်ဥပဒေများအဖြစ် ပေါင်းစပ်နိုင်ရးအတွက် မျက်ချည်မပြတ်လေ့လာသုံးသပ် သုတေသနပြုနေရမည် -

၉။ အဖွဲ့ချုပ်ကွပ်ကဲမှုအောက်ရှိ ရိုးရာလက်ဝှေ့အားကစားသမား၊ ရိုးရာလက်ဝှေ့ကလပ်၊ ပွဲသွင်းသူ (Promoter) နှင့် အဖွဲ့ချုပ်ဒိုင်လူကြီးတို့ကို တရားနည်းတကျ ကာကွယ်စောင့်ရှောက်ရမည် -

၁၀။ အားကစားသမားတစ်ဦး ပြိုင်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုများနှင့်စပ်လျင်း၍ ထာဝရမသန်စွမ်းဖြစ်ခြင်း ၊ သေဆုံးခြင်းတို့အတွက် ရသင့်ရထိုက်သော နစ်နာကြေးနှင့် ခံစားခွင့်များရရှိခံစားနိုင်အောင် ရိုးရာလက်ဝှေ့အားကစားဖောင်ဒေးရှင်း၊ အကျုံးဝင်သက်ဆိုင်သော အဖွဲ့အစည်းများနှင့်ဆက်သွယ် ညှိနှိုင်းပြီး ဦးစီးဆောင်ရွက်ပေးရမည် -

၁၁။ နိုင်ငံတော်က ပြဋ္ဌာန်းထားသော တည်ဆဲတရားဥပဒေများ၊ အားကစားဝန်ကြီးဌာနက ချမှတ် ထားသောမူဝါဒများနှင့် အဖွဲ့ချုပ်ကချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကိုလိုက်နာရန် ပျက်ကွက်ခြင်းနှင့် ဖောက်ဖျက်ကျူးလွန်မှုများအတွက် တိုင်တန်းချက်များရရှိပါက (သို့မဟုတ်) သံသယဖြစ်ဖွယ်တွေ့ရှိပါက အဖွဲ့ချုပ်ကွပ်ကဲမှုအောက်ရှိ လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းတာဝန်ရှိသူများကို ဖြစ်စေ ခေါ်ယူတွေ့ဆုံစီစစ်မေးမြန့်ခွင့်ရှိသည် -

၁၂။ အဖွဲ့ချုပ်ကွပ်ကဲမှုအောက်ရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ၊ အဖွဲ့ချုပ်စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ လိုက်နာရန်ပျက်ကွက်ခြင်းတွေ့ရှိပါက စနစ်တကျစိစစ်အရေးယူခွင့်ရှိသည်၊ မူဝါဒဆိုင်ရာပြစ်မှုကြီးများဖြစ် ပါက အားကစားဝန်ကြီးဋ္ဌာနသို့ အမိန့်နာခံတင်ပြရမည် -

၁၃။ ရိုးရာလက်ဝှေ့အသိုင်းအ၀ိုင်းအတွင်း စည်းလုံးချစ်ခင်မှု အစဉ်တိုးတက်ရရှိစေရေးအတွက် သာရေး/ နာရေးကိစ္စအားလုံးကို ဦးဆောင် စည်းရုံးပံ့ပိုးကူညီရမည်-

၁၄။ ပြိုင်ပွဲပွဲစဉ်များစဉ်ဆက်မပြတ် စနစ်တကျကျင်းပနိုင်ရေးအတွက် ပြက္ခဒိန်နှစ်အလိုက် ပြိုင်ပွဲ ပြက္ခဒိန်ကို ရေးဆွဲသတ်မှတ်ပြီး အားကစားဝန်ကြီးဌာန၏ အတည်ပြုခွင့်ပြုချက်ကို ရယူရမည်-

၁၅။ အားကစားဝန်ကြီးဌာနနှင့်အဖွဲ့ချုပ်၏ခွင့်ပြုချက်မရယူဘဲ ကျင်းပသည့်မည်သည့်ပြိုင်ပွဲကိုမဆို တားမြစ်ခွင့်ရှိသည် (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်သူ/ အဖွဲ့အစည်းအား အဖွဲ့ချုပ် စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ အရေးယူခွင့်ရှိသည် -

၁၆။ လက်ဝှေ့အသင်း (Club) များအတွက် လေ့ကျင့်ရေးနေရာအခက်အခဲရှိပါက အသင်းတည်နေရာနှင့် အနီးကပ်ဆုံးသော အားကစားဝန်ကြီးဌာနပိုင် အားကစားကွင်း / ရုံများတွင် ယာယီလေ့ကျင့်ခွင့်ရရှိရေးဘအတွက် အားကစားဝန်ကြီးဌာနသို့ တင်ပြတောင်းခံပေးရမည် -

၁၇။ အဖွဲ့ချုပ်သည် ခေတ်ကာလ ၊ အခြေအနေအရ မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းစည်းကမ်း၊ ဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းများကို အသစ်ပြဋ္ဌာန်း၊ ပယ်ဖျက် ၊ ပြင်ဆင်ခွင့်ရှိသည်-

၁၈။ အဖွဲ့ချုပ် လုပ်ငန်းများကို Professional မဖြစ် ပီပြင်စွာဆောင်ရွက်နိုင်ရန် အဖွဲ့ချုပ်အောက်တွင်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရမည်။

၁၉။ အဖွဲ့ချုပ်လုပ်ငန်းများ လျင်မြန်လျောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၀န်ထမ်းလစာ / ထောက်ပံ့ကြေး / ရုံးသုံးပစ္စည်းကိရိယာ နှင့် လိုအပ်သော အသုံးစရိတ်များကာမိစေရန် အဖွဲ့ချုပ်ရန်ပုံငွေ ရရှိနိုင်ရေးအတွက် တရားနည်းလမ်းတကျ ရှာဖွေ ကောက်ခံခွင့်/ ထိန်းသိမ်းခွင့် / ခွဲစေသုံးစွဲခွင့်ရှိသည်။

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ ပြိုင်ပွဲစီစဉ်သူ ( ပွဲသွင်းသူ / Promoter) များလိုက်နာရမည့်
စည်းမျဉ်းစည်းကမ်းများ

၁။ ပြိုင်ပွဲစီစဉ်သူ Promoter အဖြစ် အဖွဲ့ချုပ်တွင် မှတ်ပုံတင်ထားရှိရမည်။
၂။ အဖွဲ့ချုပ်တွင် မှတ်ပုံတင်ထားရှိသော Promoter များသည် အောက်ပါလိုင်စင်အဆင့် သတ်မှတ်ချက်နှင့်အညီ ကနဦး မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးများကို အဖွဲ့ချုပ်သို့ပေးသွင်းရမည် -

(က) "A" အဆင့်လိုင်စင် (နိုင်ငံတကာစိန်ခေါ်ပွဲများအပါအ၀င် ပြိုင်ပွဲအားလုံးစီးစဉ်ကျင်းပခွင့်) ကနဦးမှတ်ပုံတင်ကြေး ကျပ်သိန်း (၂၀)နှင့် နှစ်စဉ်ကြေး(၁၀)သိန်း

(ခ) "B" အဆင့်လိုင်စင် (နိုင်ငံတကာ စိန်ခေါ်ပွဲများမှအပ ကျန်ပြိုင်ပွဲများစီစဉ်ကျင်းပခွင့်) ကနဦးမှတ်ပုံတင်ကြေး ကျပ်(၁၀)သိန်းနှင့် နှစ်စဉ်ကြေး (၃)သိန်း

(ဂ) "C" အဆင့်လိုင်စင် (ဒေသန္တရနှင့်မျိုးဆက်သစ်အားကစားများပြိုင်ပွဲကျင်းပခွင့်)
ကနဦးမှတ်ပုံတင်ကြေး ကျပ် (၂)သိန်းနှင့် နှစ်စဉ်ကြေး(၅၀၀၀၀ိ-/)

၃။ ခွင့်ပြုချက်ရသည့်ပြိုင်ပွဲများအတွက် မြန်မာ့ရိုးရာလက်ဝှေ့ဖောင်ဒေးရှင်းရန်ပုံငွေသို့ အောက်ပါအတိုင်းပေးသွင်းရမည်-

(က) နိုင်ငံတကာပြိုင်ပွဲများအတွက် ကျပ် (၁၀)သိန်း
(ခ) "A" အဆင့်ကစားသမားသမားများပါဝင်သောာ ပြည်တွင်းပြိုင်ပွဲများအတွက် ပေးသွင်းရန်မလို
(ဂ) "B" အဆင့်/"C" အဆင့်နှင့် မျိုးဆက်သစ်အားကစားသမားများသာပါဝင်သောပြည်တွင်းပြိုင်ပွဲများ အတွက်ပေးသွင်းရန်မလို

မှတ်ချက် - မြန်မာ့ရိုးရာလက်ဝှေ့ဖောင်ဒေးရှင်းရန်ပုံငွေသို့သတ်မှတ်ချက်နှင့်အညီရန်ပုံငွေပေးသွင်းထားသည့် ပြိုင်ပွဲများအတွက်သာ ဖောင်ဒေးရှင်းရန်ပုံငွေကို ရရှိခံစားခွင့် ပြုသည်။

၎။ ပြက္ခဒိန်နှစ်အလိုက် မိမိစီစဉ်လိုသည့်ပြိုင်ပွဲများကို အဖွဲ့ချုပ်ပြိုင်ပွဲပြက္ခဒိန်တွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကြိုတင်တင်ပြရမည်။

၅။ အဖွဲ့ချုပ်တွင် မှတ်ပုံတင်ထားရှိပြီး ပြိုင်ပွဲကျင်းပခွင့်လိုင်စင်ရထားသူသည်ငွေကြေးရယူ၍ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ၊ အခြားသူအတွက် ပြိုင်ပွဲကျင်းပခွင့် လွှဲပြောင်းခြင်းမပြုရ။
၆။ အဖွဲ့ချုပ်ပြိုင်ပွဲ ပြက္ခဒိန်တွင် ပါရှိပြီးသော ပြည်သူလူထုအား ကြိုတင်ကြေငြာထားသောပြိုင်ပွဲများကို အဖွဲ့ချုပ်အား ကြိုတင်တင်ပြခြင်းမရှိဘဲ၊ လုံလောက်သောအကြောင်းပြချက်မရှိဘဲ ပွဲစဉ်ရက်ရွေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်း၊ အတွဲဆိုင်းများပြောင်းလဲပြင်ဆင်ခြင်း မပြုရ။

၇။ နိုင်ငံကိုယ်စားပြု / အဖွဲ့ချုပ်ကိုယ်စားပြုမြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားများ နိုင်ငံတကာမှ အားကစားသမားများနှင့်ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်သည့်ပြိုင်ပွဲများအတွက် ပြိုင်ဘက်၏ ပြိုင်ပွဲအကြောင်းခြင်းရာ Profile ကို ဗွီဒီယိုဖိုင် (သို့မဟုတ်) လုံလောက်သော စာရွက်စာတမ်းအထောက်အထားဖြင့်. အနည်းဆုံး(၁)လကြိုတင်၍ အဖွဲ့ချုပ်သို့တင်ပြရမည်။

၈။ ဒေသအလိုက်ကျင်းပမည့်ပြိုင်ပွဲများအတွက်အားကစားဝန်ကြီးဌာနနှင့်မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့၏ ခွင့်ပြုချက်ဖြင့်ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံ ညှိနှိုင်းတင်ပြကျင်းပရမည် (မှတ်ချက်။ ။ အားကစားဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့၏ ခွင့်ပြုချက်မရဘဲ ပြိုင်ပွဲကျင်းခွင့်မရှိ)

၉။ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ ရရှိသည့် Sponsor / TV Right / ကြော်ငြာခ ၊ ထိုးသတ်ကြေး၊ အထွေထွေကုန်ကျစရိတ်များကို လိုအပ်ပါက စစ်ဆေးမှုခံယူနှိုင်သည့်အဆင့်အထိ စနစ်တကျပြုစုထားရှိရမည်။

၁၀။ ပြိုင်ပွဲကျင်းပရေးအတွက် ချုပ်ဆိုထားသောငွေကြေးများနှင့်အသုံးစရိတ်အားလုံးကိုပြိုင်ပွဲအပြီး (၂၄) နာရီအတွင်း အပြီးပေးချေရမည်။

၁၁။ အဖွဲ့ချုပ်ပြိုင်ပွဲ ပြက္ခဒိန် ပါ ပွဲစဉ်တစ်ခုဖျက်သိမ်းခြင်းအတွက် အားကစားသမားနှင့်ချုပ်ဆိုထားသောစာချုပ်ပါဆုကြေး (နိုင်ကြေး) ၁၀သိန်း အောက်အတွက် ၃၀% နှင့် ၁၀သိန်း အထက်အတွက် ၂၀ % ကိုနစ်နာကြေးအဖြစ် အားကစားသမားအားပေးလျော်ရမည်။

၁၂။ ဒေသအလိုက်ကျင်းပပြုလုပ်သည့် (A.class နှင့် B.class လက်ဝှေ့သမားများမပါဝင်သော) ပြိုင်ပွဲငယ်များ ကျင်းပခွင့်ကို အဖွဲ့ချုပ်သို့ တင်ပြလာပါက ခြွင်းချက်အဖြစ် ခွင့်ပြုပေးမည်။

မြန်မာ့ရိုးရာလက်ဝှေ့အသင်း (Club) များလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ

၁။ မြန်မာ့ရိုးရာလက်ဝှေ့အသင်း (Club)များသည် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တွင် စည်းမျဉ်းစည်ကမ်းများနှင့်အညီ တရားဝင်မှတ်ပုံတင်ထားရှိရမည်။

၂။ အသင်း (Club)တည်ရှိရာ ရုံးလိပ်စာ ၊ တယ်လီဖုန်းအမှတ် ၊ Email လိပ်စာ၊ Website လိပ်စာ၊ Facebook Account များကို အဖွဲ့ချုပ်သို့ တရားဝင်ပေးပို့ရမည်။

၃ ။ အသင်း(Club)တည်ထောင်သူ/ ပိုင်ရှင်/တာဝန်ခံ/ အုပ်ချုပ်သူ/ နည်းပြ / အားကစားသမားများ၏ ကိုယ်ရေးအချက်အလက်များကို အဖွဲ့ချုပ်၏ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်း၍ အဖွဲ့ချုပ်သို့ ပေးပို့ရမည်။

၎။ အသင်း (Club) တွင် စခန်းသွင်းလေ့ကျင့်လျှက်ရှိသည့် အားကစားသမားများလေ့ကျင့်ရန်အတွက် အမိုးပါလေ့ကျင့်ရေးရုံ Gymnasium များတွင် လေ့ကျင့်ရေးအထောက်အကူပစ္စည်း အပြည့်အစုံ တပ်ဆင်လျှက် အသုံးပြုနိုင်ရန် စီစဉ်ထားရှိရမည်။ (မှတ်ချက် ။ လေ့ကျင့်ရေးနေရာအခက်အခဲရှိပါက ယာယီလေ့ကျင့်ရေးစခန်း ရရှိရေးအတွက် အဖွဲ့ချုပ်သို့ တင်ပြအကူအညီတောင်းခံနိုင်သည်)

၅ ။ အသင်း (Club)တွင် မှတ်ပုံတင်ထားရှိသော မိမိအားကစားသမားအတွက် အစစအရာရာတာဝန်ခံ / တာဝန်ယူရမည်။

၆။ အားကစားသမားတစ်ဦးတစ်ယောက်မိမိအသင်းသို့ ပြောင်းရွှေ့ရောက်ရှိခြင်း၊ အသင်းမှ ထွက်ခွာခြင်းများအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဖွဲ့ချုပ်သို့ ကြိုတင်အသိပေးတင်ပြရမည်။

၇။ အဖွဲ့ချုပ်ကစီစဉ်သည့် ပြိုင်ပွဲဖြစ်စေ၊ ပွဲသွင်းသူ Promoter များနှင့် ချုပ်ဆိုထားသောပြိုင်ပွဲဖြစ်စေ၊ မိမိကလပ်အသင်းမှ အားကစားသမားတစ်ဦး စာချုပ်ပါစည်းကမ်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ချိုးဖောက်မှု မဖြစ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရမည်။

၈။ အဖွဲ့ချုပ်က စီစဉ်ဆောင်ရွက်သည့် ပြည်တွင်း/ ပြည်ပသင်တန်းများ၊ သရုပ်ပြပွဲများသို့ မိမိကလပ်နည်းပြ / အားကစားသမား/ တာဝန်ရှိသူများကို မပျက်မကွက်စေလွှတ်ပေးရမည်။

၉။ ကလပ်အသင်းများသည် အဖွဲ့ချုပ်က သတ်မှတ်ထားသောမှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးများကို မပျက်မကွက်ပေးသွင်းပြီး မိမိကလပ်အသင်း၊ နည်းပြ၊ အားကစားသမားများကိုလည်းအဖွဲ့ချုပ်တွင် မှတ်ပုံတင် စေရမည် ။

၁၀။ မိမိကလပ်မှ အားကစားသမားများတားမြစ်ဆေးဝါးသုံးစွဲမှု (Doping) မရှိစေရေးကို အထူးကြပ်မန်ရမည်။

၁၁။ မိမိကလပ်မှ အားကစားသမားများ ထိခိုက်ဒဏ်ရာရရှိမှုအတွက် တစ်ဦးချင်းကို စုပေါင်းအသက်အာမခံ (Group Life "Insurance") မပျက်မကွက်ထားရှိပေးရမည်။

၁၂။ မိမိကလပ်အသင်းအားကစားသမား အနိုင်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် ဒိုင်လူကြီး၊ ပြိုင်ဘက်အသင်း / အားကစားသမား ကိုစည်းရုံးခြင်း၊ ညှိနှိုင်းခြင်းမပြုရ။

၁၃။ မြန်မာ့ရိုးရာလက်ဝှေ့အားကစား ၏ ထူးခြားသောရိုးရာအမွေအနှစ်များကို အစဉ်ထာဝရ ထိန်းသိမ်း စောင့်ရှောက် သွားရမည်။

၁၄။ အားကစားသမားတစ်ဦး အသင်းပြောင်းရွှေ့ခြင်းကို အဖွဲ့ချုပ်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ လွှဲပြောင်းခြင်း / လက်ခံခြင်း ဆောင်ရွက်ရမည်။
မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ

၁။ မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားများ၏ အကျိုးစီးပွားကို အဖွဲ့ချုပ်က ကာကွယ်စောင့်ရှောက်နိုင်ရန်၊ အဖွဲ့ချုပ်က ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများကိုသိရှိနားလည်နိုင်စေရန်နှင့် ဆက်သွယ်ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် မြန်မာ့ရိုးရာလက်ဝှေ့သမားတစ်ဦးသည် လက်ဝှေ့အသင်း (Club)တစ်ခု၏ အသင်းဝင်တစ်ဦးဖြစ်ပြီး အဖွဲ့ချုပ်တွင် မှတ်ပုံတင်ထားရှိရမည်။

၂။ မိမိတစ်ဦးချင်းဖြစ်စေ၊ မိမိကလပ်အသင်းအစီအစဉ်ဖြင့်ဖြစ်စေ "အားကစားအသက်အာမခံ" (Ahletes Life Insurance) သို့မဟုတ် စုပေါင်းအသက်အာမခံ (Group Life Insurance) ထားရှိပြီးကြောင်း အဖွဲ့လျုပ်သို့ အထောက်အထားတင်ပြရမည်။

၃။ အဖွဲ့ချုပ် သို့မဟုတ် မိမိကလပ်အသင်းက ရွေးချယ်ခြင်း သို့မဟုတ် တာဝန်ပေးခြင်းခံရလျှင် ပြည်တွင်း/ ပြည်ပပြိုင်ပွဲ သို့မဟုတ် သရုပ်ပြပွဲများသို့ လိုက်ပါတာဝန်ထမ်းဆောင်ရမည်။

၎။ အားကစားသမားတစ်ဦးသည် လက်ဝှေကလပ်အသင်းတစ်ခုကိုသာ ကိုယ်စားပြုခွင့်ရှိသည်။

၅။ Club အသင်း ပြောင်းရွှေ့ခွင့်အဖြစ် နှစ်စဉ် ဇွန်လ (၁)ရက်မှ ဇူလိုင် (၃၁) ရက်အတွင်း သတ်မှတ်သည်၊ အားကစားသမားတစ်ဦးသည် သတ်မှတ်ပြောင်းရွှေ့ခွင်ကြာလအထိ စောင့်ဆိုင်းခြင်း မပြုနိုင်ပါက မိခင်ကလပ်အသင်း၏ ခွင့်ပြုချက်ဖြင့်အခြားကလပ်သို့ "အငှား" သွားရောက်ပြီး ပြောင်းရွှေ့ကာလတွင် အပြီးပြောင်းရွှေ့မှတ်ပုံတင်ရမည်။

၆။ အားကစားသမား၏ အားကစားသမားဘ၀ သက်တမ်းကို ရေရှည်ထိန်းသိမ်းနိုင်ရန် ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာများပြန်လည်ထူထောင်နိုင်ရေး(Recovery)တို့အတွက် ပြိုင်ပွဲတစ်ပွဲနှင့်တစ်ပွဲအကြားအနည်းဆုံးရက် (၂၀) ခြား၍၊ ယှဉ်ပြိုင်ရမည်။ သို့ရာတွင် မဖြစ်မနေ ပြိုင်ပွဲဝင်ရမည့်နိုင်ငံတကာပွဲများ၊ အထိမ်းအမှတ်ပွဲများတွင်ပါဝင်ထိုးသတ်ရမည်ဆိုပါက ရက် (၂၀) မခြားသော်လည်း ယခင်ထိုးခဲ့သောပွဲတွင် ဒဏ်ရာအနာတရမရှိဘဲ လွယ်လင့်တကူအနိုင်ရရှိခဲ့ပါက ဆရာဝန်ထံစစ်ဆေးချက်ရယူပြီး ဆရာဝန်၏ထောက်ခံချက်ဖြင့် ထိုးသတ်ခွင့်ပြုမည်။

၇။ အားကစားသမားသည် တားမြစ်ဆေးသုံးဆွဲခြင်း (Doping) ကို လုံးဝရှောင်ကျဉ်ရမည်။

၈။ မည်သည့်ပြိုင်ပွဲတွင်မဆို အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးစွဲ၍ ယှဉ်ပြိုင်ခြင်း လုံးဝမပြုလုပ်ရ။

၉။ ပြိုင်ပွဲမစတင်မီနှင့် ပြိုင်ပွဲအပြီးတွင် "လက်ဝှေ့ရေးပြခြင်း" ကို မိမိတို့မြန်မာ့ရိုးရာလက်ဝှေ့ အားကစား၏ ဂုဏ်ယူဖွယ်ရာ အစဉ်အလာတစ်ခုအဖြစ် အလေးအနက်ထား လက်ဝှေ့ရေးပြရမည်။

၁၀။ ပြိုင်ပွဲတွင် အလဲထိုးခံ ရှုံးနိမ့်ခဲ့သော လက်ဝှေ့သမားတစ်ဦးသည် နောက်တစ်ကြိမ် ပြိုင်ပွဲဝင်လိုပါက" အဖွဲ့ချုပ်ဆရာဝန်" ၏ ခွင့်ပြုထောက်ခံချက် ဆေးလက်မှတ် တင်ပြနိုင်မှသာ ပြန်လည်ထိုးသတ်ခွင့်ပြုမည်။

၁၁။ အကစားသမား၏အသက်ကို ပုံသေကန့်သတ်ထားခြင်းမရှိဘဲ မိမိအသက်အရွယ်၊ ကျန်းမာရေး၊လေ့ကျင့်မှု ၊ ခံနိုင်ရည်ရှိမှုအပေါ်မူတည်တွက်ချက်ကာ ယှဉ်ပြိုင်ထိုးသတ်ခွင့်ရှိသည်။

၁၂။ ပွဲသွင်းသူ Promoter နှင့်ချုပ်ဆိုထားသော စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်၊ သဘောတူညီချက်ကိုဖောက်ဖျက်ကျူးလွန်ပါက စာချုပ်ပါဆုကြေး(နိုင်ကြေး) ၁၀သိန်းအောက်အတွက် (၃၀%) နှင့် ၁၀သိန်း အထက်အတွက် (၂၀%) ကို Promoter အားပေးလျော်ရမည့်အပြင် အဖွဲ့ချုပ်၏ အရေးယူအပြစ်ပေးခြင်းကို ခံယူရမည်။

(မှတ်ချက် ။ ပြီးခဲ့သည့်အနီးကပ်ဆုံးပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့်သော်လည်းကောင်း၊ အလဲထိုးခံရ၍သော်လည်းကောင်း စာချုပ်ထားသည့် ပြိုင်ပွဲတွင် ထိုးသတ်ရန်မသင့်ဟု "အဖွဲ့ချုပ်ဆရာဝန်" က သတ်မှတ်ပါက ကြိုတင်ယူထားသော စရန်ငွေကို ပြန်ပေးရမည်။)

၁၃။ ပြိုင်ဘက်အားကစားသမား (၂) ဦး၏ ကိုယ်အလေးချိန်ကွာခြားမှုကို A Class အတွက် (၅) ကီလိုဂရမ်၊ B Class နှင့်အခြား Class များအတွက် (၃) ကီလိုဂရမ်အထိသာ ခွင့်ပြုပြီး ကိုယ်အလေးချိန် ကွာခြားမှု သတ်မှတ်ချက်မရှိပါ။

၁၄။ မြန်မာ့ရိုးရာလက်ဝှေ့၏ အမွေအနှစ် အစဉ်အလာကောင်းများဖြစ်သည့် ဆရာ/မိဘများ၊ ကြီးသူကိုရိုသေ ရွယ်တူကိုလေးစားသည့်သွင်ပြင်အမှုအရာများဖြစ်သောညဒိုင်လူကြီးအဖွဲ့ ၊ ကြိုးဝိုင်း ဒိုင်နှင့်မိမိထက်အသက်အရွယ် ၀ါရင့်သူပြိုင်ဘက်အား ဂါရ၀ပြု အရိုအသေပေးခြင်း အလေ့အထကို တတ်နိုင်သမျှ ကျင့်သုံးလိုက်နာရမည်။ ဒိုင်လူကြီးအဖွဲ့၊ ကြိုးဝိုင်း ဒိုင်၊ ပြိုင်ဘက် ၊ ပြိုင်ဘက်၏ နည်းပြအဖွဲ့နှင့်ပရိသတ်ကို ကိုယ်အမှုအရာ နှုတ်အမှုအရာအားဖြင့် ရိုင်းပြစွာစော်ကားပြုမှုခြင်း လုံးဝ(လုံးဝ)မပြုလုပ်ရ။

ပြိုင်ပွဲကျင်းပစဉ် အဖွဲ့ချုပ်မှ ပြိုင်ပွဲကြီးကြပ်သူ၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ

၁။ ရှေးအစဉ်အဆက် မိဘ ဘိုးဘွားများ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သည့် ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ် ရိုးရာလက်ဝှေ့ ထုံးတမ်းဓလေ့များဖြစ်သော စတော်တိုက်ခြင်း၊ ကန်တော့်ပွဲပေးခြင်း၊ ပူဇော်ပသခြင်း အလေ့အထများ တိမ်ကောပျောက်ပျာယ် မသွားရအောင် ပြိုင်ပွဲကို ဦးစီးစီစဉ်သူများက ကျင့်သုံးလိုက်နာရမည်။

၂။ ပြိုင်ပွဲကို ကြိုတင်သတ်မှတ်ကြေငြာထားသည့်းအချိန်အတိုင်း တိကျစွာကျင်းပရမည်၊ တွဲဆိုင်းတစ်ခုနှင့်တစ်ခုအကြားအချိန်ကြာရပ်တန့်စောင့်ဆိုင်းရခြင်းမရှိစေရန် စီမံဆောင်ရွက်ရမည်။

၃။ တွဲဆိုင်းအလိုက် ကြိုတင်သတ်မှတ်ထားသော ဒိုင်လူကြီးများ၊ဆေးအဖွဲ့၊ အားကစားသမားများအသင့်ရှိနေစေရမည်။

၎။ ဒိုင်လူကြီး၊ ပြိုင်ပွဲဝင်အားကစားသမား၊နည်းပြများ၏ ၀တ်စားဆင်ယင်မှု အသွင်သဏ္ဌာန် ကို စနစ်တကျရှိစေရမည်။

၅။ ပြိုင်ပွဲကျင်းပမည့်လက်ဝှေ့စင်(Ring)၊ ကြိုးတန်း၊ အခင်း၊ မီးအလင်းရောင်၊ အသံစနစ်များ လုံလောက်မှု ဘေးကင်းမှု ရှိ- မရှိ ကြိုတင်စစ်ဆေးရမည်။

၆။ ပြိုင်ပွဲတစ်ပွဲသည် လုပ်ပွဲ / လိမ်ညာပွဲဟု သံသယရှိပါက သတိပေးခြင်း၊ အရေးယူခြင်းများကိုခုံသမာဓိအဖွဲ့ သို့မဟုတ် တာဝန်ရှိသူတို့၏ အဆုံးအဖြတ်ဖြင့် အဆင့်ဆင့်အရေးယူဆောင်ရွက်ပြီး ၂၄ နာရီအတွင်း ဖြစ်စဉ်ကို အဖွဲ့ချုပ်သို့တင်ပြရမည်။

၇။ ပြိုင်ပွဲတွင် ခွင့်ပြုချက်ရရှိပြီးဖြစ်သော နည်းပြ၊ဘအကူနည်းပြများသာသတ်မှတ်ချက်နှင့်အညီ လိုက်ပါဆောင်ရွက်ရမည်။

၈။ ပြိုင်ပွဲအနှိုင်အရှုံးကိုဖြစ်စေ မည်သူမဆို ဒိုင်အဖွဲ့၊ ကြိုးဝိုင်းဒိုင်တို့၏အဆုံးအဖြတ်ကို စောဒကတက်ခြင်း၊ လက်မခံခြင်း၊ ရိုင်းပြစွာ ဆဲရေးတိုင်းထွာအော်ဟစ်နှောက်ယှက်ခြင်း၊ ပစ္စည်းများကို ပစ်ပေါက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရ။

၉။ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ မကျေနပ်ချက်တစ်စုံတစ်ရာရှိပါက အဖွဲ့ချုပ်ကသတ်မှတ်ထားသော ကန့်ကွက်ကြေး စပေါ်ငွေ (၅၀၀၀၀ိ-/)ပေးသွင်း၍၊ တရားဝင်စာဖြင့် ကန့်ကွက်နိုင်သည်။ အဖွဲ့ချုပ်က စုံစမ်းစစ်ဆေးပြီး ကန့်ကွက်ချက်မှန်ကန်ပါက စပေါ်ငွေအားပြန်လည်ထုတ်ပေးပြီး ကန့်ကွက်ချက်နှင့်စပ်လျဉ်းသည့်တာဝန်ရှိသူအား အဖွဲ့ချုပ်က လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်။ သို့ရာတွင် ပြိုင်ပွဲ အနိုင်/ အရှုံးရလာဒ်ကိုမူပြောင်းလဲပြင်ဆင်ပေးသွားမည်မဟုတ်။

မြန်မာ့ရိုးရာလက်ဝှေ့ဖောင်ဒေရှင်းရန်ပုံငွေကောက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ယူသုံးစွဲခြင်းများအတွက် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ

၁။ ၂၀၁၅ ခုနှစ် လ ၊( )ရက်နေ့တွင် အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ရိုးရာလက်ဂှေ့အဖွဲ့ချုပ်သို့ လွဲပြောင်းပေးသော "မြန်မာ့ရိုးရာလက်ဝှေ့ဖောင်ဒေးရှင်းရန်ပုံငွေ" မှာ ကျပ် ( )------------------------------------------------
ဖြစ်သည်။

၂။ အားကစားဝန်ကြီးဌာနကိုယ်စားလှယ်၊ အဖွဲ့ချုပ်ဥ က္ကဋ္ဌ နှင့် အမှုဆောင်များ၊ Club အသင်း တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် "မြန်မာ့ရိုးရာလက်ဝှေ့ဖောင်ဒေးရှင်းရန်ပုံငွေကြီးကြပ်ရေးအဖွဲ့" ကိုဖွဲ့စည်းထားရှိရမည်။

၃။ ဖောင်ဒေးရှင်းရန်ပုံငွေကို မြန်မာ့ရိုးရာလက်ဝှေ့အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့်ကိစ္စရပ်များအတွက်သာ အသုံးပြုရမည်။

၎။ ဖောင်ဒေးရှင်းရန်ပုံငွေအဖြစ် စေတနာရှင်၊ အလှူရှင်ထံမှဖြစ်စေ၊ အဖွဲ့ချုပ်၏ သတ်မှတ်ချက်နှင့်အညီ ပြိုင်ပွဲကျင်းပခွင့်အတွက်ဖြစ်စေ ပေးသွင်းငွေများကို ထည့်သွင်းစုဆောင်းထားရှိရမည်။

၅။ ဖောင်ဒေးရှင်းရန်ပုံငွေကို ငွေစုဘဏ်စာအုပ်ပြုလုပ်၍ ဘဏ်တွင်အပ်နှံပြီး ကြိုတင်သတ်မှတ် ထားသည့် တာဝန်ရှိသူ (၃) ဦးအနက် (၂) ဦး လက်မှတ်ရေးထိုးမှသာထုတ်ယူခွင့်ရှိသည်။

၆။ ဖောင်ဒေးရှင်းရန်ပုံငွေသုံးစွဲခြင်းကို အဖွဲ့ချုပ်အမှု ဆောင်အဖွဲ့၏ သဘောတူ ဆုံးဖြတ်ချက်အစည်းအဝေးမှတ်တမ်းအရသာ ထုတ်ယူသုံးဆွဲခွင့်ရှိသည်။

၇။ ဖောင်ဒေးရှင်းရန်ပုံငွေကို အောက်ပါကိစ္စရပ်များအတွက်သုံးစွဲခွင့်ပြုသည် -

(က) ပြိုင်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိကာ ထာဝရမသန်စွမ်းဘ၀သို့ ရောက်ရှိသွားသူ၊ သေဆုံး သွားသူမိသားစုများကို ကူညီထောက်ပံ့ပေးရန်။ (ဖောင်ဒေးရှင်းရန်ပုံငွေသို့ သတ်မှတ်ချက်အတိုင်း ပေးသွင်းထားသည့် ပြိုင်ပွဲများသာ အကြုံးဝင်သည်။)

(ခ) အသက်( ၇၀ ) နှစ်အထက် ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများကို နှစ်စဉ်ထောက်ပံ့လှူဒါန်းရန်။

(ဂ) ရှေးပညာရှင်ကြီးများ၏ ပညာအမွေ ထိန်းသိမ်းပြန့်ပွားရေးနှင့်နိုင်ငံတကာ ဒိုင် / နည်းပြ သင်တန်းများဖွင့်လှစ်ရာတွင် ကျခံ သုံးစွဲရန်။

(ဃ) မြန်မာ့ရိုးရာလက်ဝှေ့အားကစား နိုင်ငံတကာသို့ ထိုးဖောက်ရောက်ရှိရေးအတွက်ဆက်သွယ် / သွားလာ/ လက်ခံ ဆောင်ရွက်ရာတွင် သုံးစွဲရန်။

© 2019~2020. All Right Reserved by Myanmar Traditional Boxing Federation (Lethwei)